Nay Chi Oo

Nay Chi Oo Instagram – 🪄🪄 Beautybynaychi: Sharing my very first time permanent eyebrow tattoo experience 🪄🪄

မျက်ခုံးမွှေး tattoo မထိုးရဲဘူး
မျော့ကြီးကပ်နေတာနဲ့ တူမှာ စိုးခဲ့တဲ့ နေခြည်တစ်ယောက်
အခုတော့ မနက် မိတ်ကပ်လိမ်းတိုင်း
(၁၅) မိနစ်စာလောက် အချိန်ပိုထွက်ပြီး
အမြဲ detail မိအေးဖြစ်နေလို့
အဆင်ပြေလိုက်တာ 🙌🏻🙌🏻✨✨

Technique: သဘာဝလည်း ဆန်ချင် feather brows ထူထူလေးလည်း လိုချင်လို့ အရှေ့ကို micro blading, နောက်ပိုင်းကို shading လေးနည်းနည်းဆွဲထားပါတယ်။

ထုံဆေး နာရီဝက် အုံပြီးမှ ထိုးလို့ လုံးဝမနာပါဘူး။
ဒါပေမယ့် 😬 ထုံဆေးပျယ်သွားတဲ့အချိန်တော့ သွားနှုတ်သလိုမျိုးနဲနဲ အောင့်တာ တင်းနေတာမျိုး ရှိပါတယ်။ Overall Pain Level – 3/10 ပေါ့လေ

‼️‼️‼️‼️ Important: နေခြည်တို့ မိန်းကလေးတွေ ရာသီလာခါနီး eyebrow tattoo သွားထိုးမယ်ဆိုရင်တော့ ပုံမှန်မနာတာထက် ပိုနာပြီး သွေးလည်း ပိုစို့ပါတယ်။ video လေးသေချာကြည့်ကြည့်နော်။
နေခြည့်တုန်းက ပထမတစ်ကြိမ် ထိုးပြီး တစ်လအကြာမှာ refill သွားလုပ်တော့ period လာခါနီး အချိန်ကိုက်ဖြစ်သွားတာမို့ ထိုးဆေးပေးထားပေမယ့်လည်း နည်းနည်း စပ်ဖျန်းဖျန်းလေးခံစားရတယ်။

Eyebrow tattoo ဆိုတာ ကိုယ်ကိုယ်တိုင်လည်း မထိုးရဲထိုးရဲ ဖြစ်ပြီးမှ ထိုးခဲ့ပြီးအဆင်ပြေလို့ ဆိုင်ကောင်းကောင်းရှိတယ် သူငယ်ချင်းတွေလည်း recommended ပေးတယ်ဆိုတဲ့ ဆိုင် (or) eyebrow artist တွေသာရှိရင် ထိုးသာထိုးချပလိုက် 👍🏻
အခုခေတ်က အရင်တုန်းကလို မျော့ဖတ်ကြီးတွေ မဟုတ်ပဲ တကယ့် ဇင်ယော်တောင်ပံလေးတွေပုံ ထိုးနိုင်တဲ့ ဆိုင်တွေ ရှိနေပြီလေ 🥰✨🙌🏻🪄

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ
ချစ်တဲ့
Your social media bff
နေခြည်

#naychioo #beautybynaychi #eyebrowtattoo #permanentbrows #eyebrows #naychireview | Posted on 22/Feb/2022 15:50:09

Nay Chi Oo
Nay Chi Oo

Check out the latest gallery of Nay Chi Oo