Warso Moe Oo Instagram – “လူ ချင်းတူပေမယ်.
အသိတရားရှိတာချင်း မတူပါဘူး”
တခါတလေ
ငါ လူကဲခတ် မှား သွားတာက
ငါ ကန်းနေလို့ မဟုတ်ပါဘူး
ငါ ရိုးသား ကြင်နာ တတ်လို့ပါ။
တခါတလေ
ငါ လူ ချစ်မှား သွားတာက
ငါ တုန်း အ လို့မဟုတ်ပါဘူး။
ဒီသံယောဇဉ်တွေကို
ငါ အလေးနက်ထားလို့ပါ။
တခါတလေ
ငါငိုကြွေးနေတာတွေက
ငါ ဝမ်းနည်းလို့ မဟုတ်ပါဘူး
ငါ မတရားခံရလို့ပါ။
တခါတလေ
ငါသည်းခံတာတွေက
ငါ့ မှာ အကြောင်းပြချက်
မရှိလို့မဟုတ်ပါဘူး
ငါ လုယက် ငြင်းခုန်မူကို မကြိုက်လို့ပါ။
တခါတလေမှာ
ငါ့ဘက်ကမကောင်းလို့မဟုတ်ပါဘူး။
လူ့စိတ်ဆိုတာ
ထိုးထွင်း မြင်ရတာမျိုးမှ မဟုတ်တာ။
ဒါပေမဲ့
ငါ နဂိုရှိတဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ
ငါက အမြဲထာဝရ ထိန်းသိမ်းထားမှာပါ။😍
စိတ်ကောင်းထားရင်
လောကကြီးက
သိပ့်လှပ တယ်ဆိုတာ လေးလေးနက်နက်
ငါ ယုံကြည်ထားပါတယ်။ 😍
ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြရတဲ့
သူ တွေကို ချစ်တဲ့ စိတ်နဲ့ ကြည့်ခဲ့လို့
သူတို့အားလုံးက
ချစ်စရာကောင်းပါတယ်”😍
Credit.. | Posted on 28/Jun/2025 17:58:40



